ကောသလတိုင်း၊ သာလ၀တိကရွာစား လောဟိစ္စပုဏ္ဏားအိမ်၌ ဆွမ်းစားအပြီး လောဟိစ္စအား ဘုရားဟောသောတရား
**********************************************
“လောဟိစ္စ- သင့်မှာ ဘယ်လိုခံယူချက်တွေ ရှိသလဲ” “တရားရတဲ့သူတွေဟာ ကိုယ်ရတဲ့ တရားမပြောကြားရ။ ပြောလျင် တရားမရတာပဲ။ ကိုယ် ရတာလေးပြပြီး လာဘ်ချူတာဟာ တရားမရမှု အသစ်တစ်မျိုး ဖြစ်တယ်ပေါ့။ သည်လို အယူ တပည့်တော်မှာ ရှိတယ် ဗုဒ္ဓအသျှင်”
“အဲဒါ မိစ္ဆာပဲ လောဟိစ္စ”
“ဘာဖြစ်လို့ လဲ ဗုဒ္ဓအသျှင်”

“စဉ်းစားနိုင်အောင် ဥပမာဆောင်မယ်။ လောဟိစ္စဟာ သာလာဝတိက ရွာစားဖြစ်လို့  ရွာ့ အခွန်အတုပ်တွေ ရတယ်။ အဲသည် အခွန်အတုပ်တွေ ဘယ်သူမှ မပေးရ၊ လောဟိစ္စ တစ်ယောက်ပဲ သုံးစားရမယ်လို့ ဆိုလျင် ဟောဟိစ္စကိုမှီပြီး အသက်မွေးနေကြသူတွေ အတွက် အန္တရယ်မဖြစ်ဘူးလား လောဟိစ္စ”
“ဖြစ်တာပေါ့ ဗုဒ္ဓအသျှင်”

“အန္တရာယ်ဖြစ်လျင် အန္တရာယ်ဖြစ်အောင် လုပ်သူဟာ အန္တရာဖြစ်ကြသူတွေရဲ့ အကျိုးစီးပွား ကို လိုလားသူလား ၊ မလိုလားသူလား လောဟိစ္စ”
“မလိုသူပေါ့ အသျှင်”

“သည်လိုဆိုလျင် သည်သူဟာ မေတ္တာရှင် ဖြစ်မလား၊ ရန်သူ ဖြစ်မလား”
“ရန်သူပေါ့ ဘုရား”

“တစ်ဘက်သူကို ရန်သူဖြစ်စေတဲ့ သူ့ အမြင်ဟာ အမြင်မှန်လား၊ အမြင်မှာလား လောဟိစ္စ”
“အမြင်မှာပဲ ဘုရား”

“သည်လို အမြင်မှားရှိသူရဲ့ အလားအလာဟာ ကောင်းမှာလား၊ ဆိုးမှာလား”
“ဆိုးမှာပါဘုရား”

“လောဟိစ္စ ရတဲ့တရား မပြောကောင်းဘူး ပြောတာကိုက တရား မရမှုတစ်မျိုး - လို့ ပြော တာဟာ တရားရသူကိုမှီပြီး တရားရကြရမယ့်သူတွေ အတွက် အဆီးအတား အန္တရာယ် ဖြစ်တယ်။ အန္တရာယ်ပြုသူဟာ အကျိုးစီးပွားမလိုလားတာပဲ။ အကျိုးစီးပွား မလိုလားတာဟာ ရန်သူပဲ။ ရန်သူဖြစ်စေတဲ့ အမြင်ဟာ အမြင်မှားပဲ။ အမြင်မှားဟာ အလား အလာ ဆိုးဖို့ ပဲ”
“ဟုတ်ပါပြီ အသျှင်ဘုရား”

“လောဟိစ္စ- လောကမှာ မေးမြန်းစိစစ်ဖို့ ကောင်းတဲ့ တရားရသူ သုံးယောက်ရှိတယ်။ မေး မြန်းစိစစ်တဲ့ အတွက် အပြစ်မရှိဘူး။ မေးမြန်းစိစစ်တာဟာ တရားတယ်၊ မှန်တယ်”
“သုံးယောက်က ဘယ်သူတွေလဲ ဘုရား”

“တရားကျင့်ပေမယ့် တရားမရဘဲ တရားဟောလို့  တရားနာတွေက နားမထောင်ဘဲ ရှောင် နေတာခံရတဲ့ ဆရာဟာ ပဌမတစ်ယောက်ပဲ”
“နောက်တစ်ယောက်ကကော ဘုရား”

“တရားကျင့်ပေမယ့် တရားမရဘဲ တရားဟောလို့  တရားနာတွေက နားထောင်မြတ်နိုးတာ ခံရတဲ့ ဆရာဟာ ဒုတိယပေါ့”
“နောက်ဆုံး တစ်ယောက်ကကော ဘုရား”

“တရားကျင့်တဲ့ အတိုင်း ရပေမယ့် တရားနာတွေက နားမထောင်ကြဘဲ ရှောင်ကြဉ်တာ ခံရတဲ့ ဆရာဟာ နောက်ဆုံးပေါ့”
“ပဌမ စစ်ဆေးအပ်တဲ့ ဆရာကို ဘယ်လိုစစ်ဆေးမလဲ အသျှင်”

“မလိုလို့  မျက်နှာလွှဲနေသူကို နောက်ကလိုက်ပြီး လည်ပင်းဖက်နေသူကို အလိုဆိုးနဲ့  ဆိုရမယ်”
“ဒုတိယ စစ်ဆေးရမယ့် ဆရာကိုကော ဘုရား”

“သူများစိုက်ခင်း ပေါင်းသင်နေတဲ့သူလို ယုတ်မာတဲ့အလိုဆိုးနဲ့  စစ်ဆေးရမယ်”
“တတိယ စစ်ဆေးရမယ့် ဆရာကိုကော ဘုရား”

“ဆုံးမခံရတဲ့ အတွက် ဆုံးမတတ်သူဟာ အလကားဘဲ- လို့ စစ်ဆေးရမှာပဲ။ သည်လို စစ်ဆေးတာတွေဟာ အပြစ်မရှိဘူး။ တရားတယ်”
“ဗုဒ္ဓအသျှင် စစ်ဆေးမေးမြန်းဖို့  မထိုက်တဲ့ ဆရာ ရှိပါသလား”

“ရှိတယ် လောဟိစ္စ”
“ဘယ်သူပါလဲ ဘုရား”

“ငါ- ဘုရားပဲ”
“ဘာပြုလို့ လဲ ဘုရား”

“ငါဟောတာကလည်း ကိုယ်တိုင်သိလို့  ဟောတာ။ နာသူကလည်း ရကြသူတွေ ဖြစ်လို့ ပဲ”
“၀မ်းသာပါတယ် ဘုရား။ အမှားပြင်ပါ့မယ်။ ဥပါသကာမှတ်ပါ”