ကုသိုလ်..အကုသိုလ်
***********************
သံသရာဟာ..လွန်စွာရှည်လျားပြီး..
ဘ၀မျိုးစုံကျင်လည်...ဖြတ်သန်းခဲ့တဲ့အခါမှာ...။

အရင့်...အရင်ဘ၀တွေက...သိ၍သော်၎င်း...
မသိ၍သော်၎င်း...ကုသိုလ်....အကုသိုလ်...
အလုပ်တွေ...လုပ်ခဲ့မိကြမှာ.....မလွဲပါဘူး...။

လက်ရှိဘ၀မှာ...ဒီပြုလုပ်ခဲ့တဲ့...ကုသိုလ်..အကုသိုလ်
အတိတ်ကံတွေဟာ...ပစ္စုပန်မှာပြုလုပ်နေတဲ့...
ကောင်းမှု..မကောင်းမှုဆိုတဲ့...လုပ်ရပ်တွေနဲ့ပေါင်းပြီး...
ကောင်းကျိုးပေးတယ်...ဆိုးကျိုးပေးတယ်ဆိုတာ...
ဖြစ်လာတာပါ....။

ဒီတော့....?
သင်ကံကောင်းချင်တယ်ဆိုရင်....ကောင်းမှုကုသိုလ်...
များများလုပ်ပါ...ဥပမာ...သင့်အတိတ်၊အကုသိုလ်ကံ...
အကျိုးပေးက..အုတ်နီခဲ...ပမာဏနဲ့လက်ငင်း......
အကျိုးပေးတော့မယ့်အချိန်မှာ....သင့်လက်ငင်းကုသိုလ်...
ကံက...စက္ကူ လှေ ပမာဏသာရှိရင်...တင်လိုက်တဲ့အခါ...
စုန်းစုန်းမြုပ်သွားမှာပေါ့...။

သင်ယခုလုပ်နေတဲ့....ကောင်းမှုကုသိုလ်တွေဟာ...
သမ္မာန်လှေတစင်းလောက်...ဆိုရင်တော့....
အကျိုးပေးလာမယ့်....အကုသိုလ်ကံ...အုတ်နီခဲ...
ဘယ်နှစ်လုံးတင်တင်.....မှုစရာမလိုပါဘူး...
ဒီတော့မိတ်ဆွေ...ကောင်းမှုကုသိုလ်များများ
လုပ်ပါ..........။
မူကြိုဆရာ