ဓမ္မနဒီမှ မေးခွန်းလေးတခု
*****************
Kyaw Zayhtun ။----။ အမြဲတရားအားထုတ်ပြီး တရားစခန်းဝင်နေတဲ့အဖွား၁ယောက်ကိုမေးဖူးတယ်။ဆေးရုံတက်လို့မခံမရပ်နိုင်အောင်နာကျင်နေတော့ "အဖွား..နာတာကိုတရားနဲ့ဖြေပြီး အားထုတ်လို့ရလား"မေးကြည့်တယ်။"အားထုတ်လို့မနိုင်ဘူး"တဲ့။သမ္မထအားကောင်းတဲ့အဖွားတောင်ဒီလိုနာကျင်မှုကိုမရှုမှတ်နိုင်သေးဘူးစိုတော့ ကျွန်တော်သေခါနီးရင်ဘုရားတရားအာရုံပြုနိုင်ပါ့မလား အရမ်းစိုးရိမ်မိတယ်ဗျာ..။
ဖြေ ။...။ ဒီအတွက်တော့မပူပါနဲ့၊ ကျော်ဇေထွန်းရေသက်ရှိထင်ရှားဥာဏ်ကောင်းစဉ်မှာဒိဋ္ဌိကိုဝိပဿနာ ဥာဏ်နဲ့ကြိုတင်ဖြူတ်ထားဖို့ဘဲလိုပါတယ်၊ အပါယ်ကိုတကယ်လားစေတာ၊ ဒိဋ္ဌိပါဘဲ၊ ဒိဋ္ဌိဖြုတ်ဖို့အတွက်ဘုရားရှင်ကနည်းပေါင်း(၈၄၀၀၀)ပေးထားပါတယ်၊တကယ်အသုံးပြုဖို့တနည်းထဲသိယုံနဲ့ရပါတယ်၊ ဆရာကောင်းတော့လိုတာပေါ့နော်..၊ တကယ်ဒိဋ္ဌိပြုတ်ပြီးသားလူတယောက်ဟာ နိင်ငံတခုကိုဝင်ဖို့(ဗီဇာ) ခွင့်ပြုမိန့်ကျပြီးသားသူနဲ့တူပါတယ်၊ ဘယ်နေ့ ဘယ်ရက်၊ ဘယ်လ၀င်ဝင် အချိန်မရွေး ၀င်ခွင့်ရှိပါတယ် ၊ ဒါန၊ သီလ၊ သမထ လောက်သာရှိထားတဲ့သူတွေကတော့ ကျော်ဇေထွန်းစိုးရိမ်သလို သေခါနီး အခါအာစိန္နကံ ပေါ်ဘဲအာရုံပြုရမလား၊ ဘုရားကိုဘဲအာရုံပြုရမလား၊ တရားစာတွေရွတ်ဆိုနေရမလား၊ ဗျာများနေတာနဲ့ ကိုယ်သွားချင်တဲ့နေရာကိုရောက်ဖို့မသေချာတဲ့အနေအထားပါဘဲ၊ အပေါ်မှာပြောခဲ့သလိုနမူနာပေးရရင် နိင်ငံတခုကလေဆိပ်ကိုလေယာဉ်ဆိုက်ပြီးမှ ၀င်ခွင့်ရဖို့ကြိုးစားတဲ့၊ ဆိုက်ရောက်(ဗီဇာ) လျှောက်ရသလို ၀င်ခွင့်ရ၊ မရမသေချာပါဘူး၊ ဒိဋ္ဌိ (အယူမှား၊အမှတ်မှား) ၀ီစိကိစ္စ(ယုံမှား၊ သံသယ) သီလဗ္ဗတပရမာသ (လွဲမှာသောကျင့်စဉ်) စသည့်အရာတွေကိုမှန်ကန်စွာ သိရှိ၊ လိုက်နာ၊ ကျင့်သုံးနေသူတယောက်ကို အနဲဆုံး (စူဋ္ဌ) သောတာပန်လို့ခေါ်လို့ရပါတယ်၊ ဒီလိုပုဂ္ဂိုလ် မျိုးဖြစ်ပီဆိုရင်တော့၊ လေယာဉ်ပျက်ကျလိုသေသေ၊ ဆေးရုံပေါ်မှာနာလို့ကျင်လို့ လော်စပီကာနဲ့အော်သေသေ အပ္ပါယ်မျိုးစေ့မရှိတော့တဲ့အတွက် အောက်သံသရာမလည်တော့ပါဘူး၊ ဘယ်အချိန်သေသေ၊ စိတ်ချလက်ချသေလို့ရပါပြီ၊ တကယ်တော့ ခန္ဓာမှန်ရင်ဒုက္ခသစ္စာ ဆိုတာပိုင်ပိုင်နိင်နိင်သိပြီးသားသူတွေအတွက်ကတော့ဒီခန္ဒ၀န်ချရတော့မယ့်သေခါနီးအချိန်၊ ကိုကျော်သူ့စကားလေးယူသုံးရရင်( သေခါနီးလေ၊ ပျော်စရာကောင်းလေ) ပါဘဲ..သူတော်ကောင်းတို့...။ ကျန်းမာ၊ ထီပေါက်၊ နိဗ္ဗာန်ရောက်နိင်တဲ့ သူတော်ကောင်းတွေဖြစ်ကြပါစေ..။
(မူကြို)သိသလောက်ဖြေဆိုထားခြင်းဖြစ်ပါတယ်၊ မပြည့်စုံပါကလည်းအကြံပေးနိင်ပါတယ်..။