=====================
တစိမ်းပြင်ပ ၀ါဒရှင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေအတွင်း ကင်ဆာရောဂါလို ဠှိုက်လှိုက်ပြီး
စားနေကြတယ်၊ ရွက်ကျပင်ပေါက်လို ပေါက်ရောက်ပြီး လူမျိုးကိုမျိုနေကြတယ်၊ မြေမျိုက လူမျိုး
မပြုန်း လူမျိုမှ လူမျိုးပြုန်းတယ်။
တစိမ်းပြင်ပ ၀ါဒရှင်တွေက အင်းအိုင်တွေကို ကောစေတဲ့ ဗေဒါပင်တွေလို လူမျိုးနဲ့ သာသ
နာ ပျက်ပြုန်းအောင် ဇွဲနပဲ ကြီးကြီးနဲ့ တက်တက်ကြွကြွ လှုပ်ရှားနေကြတယ်။ ညောင်ပင်လို အ
မြစ်တွယ်ပြီး လူမျိုးကို တဖြည်းဖြည်း ၀ါးမျိုဖို့ ကြိုးစားနေကြတယ်။
ဗုဒ္ဓသာသနာဝင်တွေဟာ ကိုယ်ပိုင်ကာကွယ်မှု စွမ်းရည်ထက်မြက်အောင် ကြိုးစားထားကြ
ရမယ်။ ဗုဒ္ဓယဉ်ကျေးမှုတွေကို စာတွေ့ရော လက်တွေ့ပါ ပြည့်စုံကျေနပ်သည်အထိ ကျင့်သုံးထား
ကြရမယ်။
လူတစ်ယောက်ကို အသက်ကြီးကာမှ ဗုဒ္ဓယဉ်ကျေးမှုတွေ ပေးရင် မထိရောက်တော့ဘူး။
ငယ်ရွယ်စဉ်ကပဲ ပေးမှ ထိရောက်မှုရှိတယ်။
လေဟာပြင် ကွက်လပ်မှာ လေတွေ အလိုလိုဝင်လာကြတယ်၊ မှုန်ဝါးဝါး ချိနဲ့နဲ့ မိရိုးဖလာ
အမည်ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ သန္တာန်က ဗုဒ္ဓယဉ်ကျေးမှုလေးတွေဟာ ပြင်ပကွင်းပြင်ထဲက
တစိမ်းပြင်ပ အယူဝါဒတွေ ယဉ်ကျေးမှုတွေရဲ့ ကျေးကျွန်ဘ၀ကို လွယ်လွယ်လေး ရောက်သွား
နိုင်တယ်။
ရေလမ်းမှာ အများစုပေါင်းကာ လှေစီးပြီး ခရီးသွားနေကြတဲ့အခါ လှေကြီးပေါက်နေတယ်
ဆိုတာသိရင် လှေပေါက်ကို ၀ိုင်းဝန်းဖာထေးရမယ်။ မဖာရင် လှေကြီး ရေ၀င်ပြီး မကြာမီ မြှုပ်လိမ့်
မယ်။ ဗုဒ္ဓသာသနာလှေကြီး ပေါက်နေတယ်ဆိုတာ သိရင် ဗုဒ္ဓဘာသာဝင်တိုင်း ၀ိုင်းဝန်းဖာထေးရ
မယ်။ မဖာရင် ပြင်ပ အယူဝါဒရှင်တွေရဲ့ ရေတွေဝင်ပြီး မြုပ်လိမ့်မယ်။
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ အသက်မထွက်အောင် ဗုဒ္ဓဘာသာဝင်တွေရဲ့ ကိုယ်ထဲမှာ နှလုံး
သားထဲမှာ ဗုဒ္ဓယဉ်ကျေးမှုသွေးတွေ အမြဲလည်ပတ်နေဖို့ လိုအပ်တယ်။ ဗုဒ္ဓယဉ်ကျေးမှုသွေးတွေ
မအေးခဲစေဘဲ နွေးနွေးထွေးထွေး ရှိနေဖို့ လိုအပ်တယ်။
ကလေးတွေကို ငယ်ရွယ်စဉ်ကပဲ ဗုဒ္ဓယဉ်ကျေးမှုနို့ချို ဗုဒ္ဓယဉ်ကျေးမှု အဟာရတွေ တန်
သလောက် တန်သလောက် တိုက်ကျွေးပေးရတယ်။ ဘာသာရေးနို့မျက်နေတဲ့ ဘာသာရေးအား
မရှိတဲ့ ကလေးတွေကို ဘာသာခြားတွေက သိမ်းသွင်းဆွဲဆောင်ရင် ကောက်ကောက် ပါသွားတတ်
တယ်။
ဗုဒ္ဓဘာသာဝင် မိခင်ဖခင်တိုင်းဟာ သားစဉ်မြေးဆက် ဗုဒ္ဓသာသနာအငွေ့ဓာတ် အလေ့
ဓာတ် အတွေ့ဓာတ်တွေ ပေးနိုင်အောင် ကြိုးစားကြရမယ်။ ကြိုးစားလို့ ပေးနိုင်မည်ဆိုရင် ရွှေ၊
ငွေ၊ စတဲ့ ရတနာတွေကို ရလို့ ၀မ်းသာ ကြည်နူးရတာထက် သာလွန်တဲ့ သားလိမ္မာ သမီးလိမ္မာ
လေးတွေ ရလို့ ၀မ်းသာကြည်နူးရတာက များစွာသာလွန်ပါတယ်။
မိသားစုလည်း အကျိုးများ သာသနာတော် အတွက်လည်း အကျိုးများ နိုင်ငံအတွက်လည်း
အကျိုးများစေနိုင်တဲ့ သားသမီးတွေကို မွေးပေးလိုတဲ့ မိဘတွေဟာ ရှေးဦးစွာ မိမိကိုယ်တိုင် ဗုဒ္ဓ
အဆုံးအမဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာ အကျင့်တွေကို လက်တွေ့ကျင့်သုံးကြရမယ်။
ဗုဒ္ဓယဉ်ကျေးမှု အငွေ့ဓာတ် အလေ့ဓာတ် အတွေ့ဓာတ် ပါရှိတဲ့ မျိုးဆက်သစ်ကောင်း
တစ်ခု ဖြစ်ထွန်းလာအောင် ကြိုးစားကြဖို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိတယ်။
အမေရယ်၊ အဖေရယ်၊ သားရယ်၊ သမီးရယ် မိသားစုထမင်းဝိုင်းမှာ သမီးက အထိုင်မတတ်
လို့ အမြင်မတော်ဖြစ်နေတော့ အဖေက “ကဲ တို့သားအဖတွေ ပြင်ထိုင်ကြစို့” လို့ ပြောတဲ့အခါ သ
မီးဖြစ်သူက “အဖေကျမကောပါသေးလား” လို့မေးတော့ အဖေဖြစ်သူက “သမီး အရေးအကြီးဆုံး
ပဲ” လို့ ပြောသတဲ့၊ အဲဒါကြောင့် ဗုဒ္ဓသာသနာသွေး နွေးအောင် ပြင်ကြတဲ့နေရာမှာ “ကျွန်တော်တို့
ပါသေးသလား မမေးနဲ့” ၊ရဟန်း၊ ရှင်၊ လူ ဗုဒ္ဓဘာသာဝင်မှန်သမျှ ပြင်ထိုင်ဖို့ လိုနေကြတယ်။
ရှေးဦးစွာ တစ်ကိုယ်ရည် သာသနာပြည့်စုံဖို့ လိုတယ်။ ပြီးတော့ လက်လှမ်းမှီရာမှာ သာသ
နာ လက်ဆင့်ကမ်းရတယ်။ ( ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ဆရာတော်၏ တစ်ဘ၀တာခရီး
မှ ကောက်နုတ်တင်ပြပါသည်။)
{အရှင်တိလောကာဘိဝံသ(အင်းစိန်)၏ နိုင်ငံ့သစ္စာစောင့်သိသူ- ဦးတင်အောင်ကျော်(မြဲ၀၇၀၅၃)
စွယ်တော်ပုံနှိပ်တိုက်၊ ဒေါ်သင်းသင်းမွန်-သင်းစာပေ၊ စာပေထိန်းသိမ်းရေးအဖွဲ့- အင်းစိန်၊